ပြည်မြို့နယ် အ.ထ.က ဝက်ထီးကန်၌ quick win project ဖြင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ပြည် ဒီဇင်ဘာ ၃၀

လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ quick win project ဖြင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ပြည်မြို့နယ် အ.ထ.က ဝက်ထီးကန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်မြို့နယ် အ.ထ.က ဝက်ထီးကန်မှ ကျောင်းသား၊ ကျောင်းသူ ဆရာ‌၊ ဆရာမအင်အား ၁၅၀ ဦးအား quick win project ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဝေငှခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြာင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)