ငါန်းဇွန် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အမှတ်(၄)ရက်ကွက်ကွင်းအမှတ် ၉၁၃/ ၁၅၄၈ ဦးပိုင်အမှတ်(၆၂) တောင်သူ ဦးကြီးညို၏ စိုက်ဧက (၅)ဧကရှိ ၂၀၂၂-၂၀၂၃.ခုနှစ် ဆောင်းနေကြာ (အိန္ဒိယစပ်မျိုး) မျိုးစေ့ထုတ်စံပြကွက်၌ ယနေ့နံနက် ၉ နာရီအချိန်က တောင်သူများ စိုက်ပျိုးနည်းစနစ် မှန်ကန်ပြီး သီးနှံအထွက်နှုန်းမြင့်မားရေးအတွက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်သူပညာပေးကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းက တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ခြင်းအား ပိုမိုများပြားဆောင်ရွက်ခြင်းဖြင့်ဒေသ၏မျိုး လိုအပ်ချက်များအား တောင်သူအချင်းချင်းဖလှယ်နိုင်မှု တိုးတက်လာမည်ဖြစ် ကြောင်း၊ ယခုလိုမျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း မြင့်မားလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက စိုက်ပျိုးနည်း စနစ်များမှန်ကန်စွာဆောင်ရွက်ခြင်းဖြင့် အပင်ပြုစုစောင့် ရှောက်မှုအားထိရောက်စွာ ကာကွယ်နိုင်ပြီး သီးညှပ်စိုက်ပျိုးဆောင်ရွက်ခြင်းအား ဖြင့်လည်း ဝင်ငွေရရှိ၍ ဒေသဆီဖူလုံမှု တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသူများအား တောင်သူပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါတောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မျိုးစေ့ထုတ်ဆောင်ရွက်သော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)