ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြသ

နမ့်ဆန် ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ညနေပိုင်းအချိန်တွင် နမ့်ဆန်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင်  နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသား၊ ကျောင်းသူများအား မြန်မာ့လွတ်လပ်ရေးဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လွတ် လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့အောင် ထိန်းသိန်းစောင့်ရှောက်ကာကွယ်ကြရန် လိုအပ်ကြောင်းစသည့် အကြောင်းအရာများကို ဟော ပြောခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)