ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် ကော်ဖီနှင့်အခြားအရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော်ပျိုးထောင်ထားရှိ
Dec 31,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် တောင်ပေါ်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် လာမည့် ၂၀၂၃ ခုနှစ် မိုးရာသီတွင်သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ကော်ဖီခြံပျိုးဥယျာဉ်တွင် ဒေသနှင့်ကိုက်ညီ၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိသော အာရေဗီးကားမျိုးဖြစ်သော ကက်တီမိုး (SL.28) စသည့် မျိုးကောင်းမျိုးသန့် ကော်ဖီပင်နှင့်အခြားအရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။