(၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၃၁

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကျင်းပသော အခြေခံပညာမူလနတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ရှေးဦးစွာ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သော မြို့နယ်စာရေးဆရာ အသင်း အတွင်းရေးမှူး ကဗျာဆရာကြည်သိန်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များကို ကြိုတင်ပြောကြား ပြီးနောက် ပြိုင်ပွဲစတင်ကျင်းပသည်။ အဆိုပါ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသား ၁၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိကြသူများအား ဇန်နဝါရီလ ၃ ရက်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြော၊ စာဖတ် စွမ်းရည်၊ ပုံပြင်ပြော၊ စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး  ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ခရိုင်ပြန်/ဆက်မှ ချီးမြှင့်သည့်ဆုများကို ဇန်နဝါရီလ ၃ ရက်နေ့တွင် ခရိုင်လူထုအခြေပြု ဗဟိုဌာနခန်းမ၌ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်မည့်ဆုများကို ဇန်နဝါရီလ ၄ ရက်နေ့ တွင်  မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံတွင် ကျင်းပမည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင်လည်း  ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ