မင်းလှမြို့၌ ဒီဇင်ဘာလူထုအားကစားလ ပဥ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

အထက်မင်းလှ ဒီဇင်ဘာလ  ၃၁

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊    မင်းလှမြို့၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ပဉ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲကပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။    

ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲရာတွင် မြို့နယ်ခန်းမရှေ့မှ မင်းလှ-မင်းဘူးကားလမ်း မ္မိကလမ်းခွဲအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးမြို့နယ်အားကစားကွင်းတွင်  ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ (ပြန်/ ဆက်)