အလုံ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ(ပဥ္စမပတ်) စုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၅)နာရီ အချိန်က ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ်ခန်းမတွင် စုရပ်ပြုလုပ်၍ နှင်းဆီလမ်း၊ အောင်ကြည့်မြင်တိုင်လမ်း၊ ကမ်းနားလမ်းတလျှောက် စုပေါင်းလမ်းလျှောက်ခဲ့ပြီး မြို့နယ်ဘောလုံးအားကစားကွင်း၌ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် စုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဒီဇင်ဘာလ(ပဥ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများပူးပေါင်းပါဝင်ခဲ့ပြီး အလုံမြို့နယ်တွင် ဒီဇင်ဘာလစုပေါင်းလမ်းလျှောက် ခြင်းနှင့်ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်မှုများကို ဒီဇင်ဘာလူထုအားကစားလအတွင်း အပတ်စဉ် စနေနေ့ နံနက်တိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်