ဗဟန်းမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ Campaign ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စတေကာ Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဗဟန်းမြို့နယ်အတွင်းရှိ လမ်မကြီးများ၊ မီးပွိုင့်များ၊ မှတ်တိုင်များ၊ တံတား‌အောက်များတွင် ဖြတ်သန်းသွားလာ ရပ်နားလျက်ရှိသော မော်တော်ယာဉ်များတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစတေကာများကပ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)