ကန့်ဘလူမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပဥ္စမပတ်ကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒီဇင်ဘာအားကစားလ ပြည်သူများ ကြံ့ခိုင်ကျန်းမာစေရေးအတွက် ယနေ့နံနက် ၅ နာရီ ခွဲက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တပျော်တပါး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်များမှပြည်သူများက ပိတောက်သိင်္ဂီခန်းမရှေ့စုရပ်မှ စတင်ထွက်ခွာ၍ ဗိုလ်ချုပ်လမ်း၊ တပင်ရွှေထီးလမ်း မှတစ်ဆင့် မဟာဗန္ဓုလလမ်း၊ စည်ပင်သာယာလမ်းအတိုင်းလျှောက်ခဲ့ကြပြီး မဟာရွှေစည်ကြီးစေတီတော်အထိလျှောက်ကာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ ဆက်)