ရပ်စောက် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေးဝန်ထမ်းနှင့် စိုက်ပျိုးရေးအရောင်း ဆိုင်များမှ တောင်သူများထံသို့ နည်းပညာများကို လက်ဆင့်ကမ်းအသိပေးနိုင်ရန် ရည်ရွယ်၍ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဥပဒေရှင်းလင်းပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်(၉:၀၀) နာရီက ရပ်စောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်ပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ကြီးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးဦးလှငြိမ်းမှ အဖွင့်အမှာစကား ပြောကြား ပြီး၊တောင်ကြီးခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ မြေဩဇာဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မူဝင်းကြည်မှ မျိုးစေ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်အေးချိုချိုစိုးမှ ပိုးသတ်ဆေးဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်းအသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးပစ္စည်းအရာင်းဆိုင်များမှ လုပ်ငန်းရှင် များစုစုပေါင်း(၄၅)ဦး တတ်ရောက်ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)