ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများ၌ ဘိန်းစိုက်ခင်း ၄ ဒသမ ၂၅ ဧကခန့် တွေ့ရှိ၍ ဝိုင်းဝန်းဖျက်ဆီး
Jan 01,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ ပူးပေါင်းစစ်ကြောင်း အဖွဲ့များက သွားရောက်ဖျက်ဆီး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပဘဲကျေးရွာအုပ်စု မကန်းကျေးရွာနှင့် ရှောက်ရင်းကျေးရွာတို့တွင် ဘိန်းစိုက်ခင်း ၄ ဒသမ ၂၅ဧကခန့် ရှာဖွေတွေ့ရှိရ၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။