ငဖဲမြို့နယ် ရှောက်ရင်းကျေးရွာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 01,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရန်အတွက် အမှတ်(၃၇၅)အမြှောက်တပ်ရင်းမှ ဗိုလ်မှူးအောင်သူ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း ဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၂) သည် ရှောက်ရင်းကျေးရွာသို့သွားရောက်ပြီး ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ဒေသခံတောင်သူများအား ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။