(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအကြို လွိုင်လင်မြို့နယ်၊ ခဲလောင်းကျေးရွာ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ဖွင့်ပွဲကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု ၊ခဲလောင်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျေးရွာ ဂါလံ ၅၀၀၀ ဆံ့ ရေကန်အနီးတွင် ယမန်နေ့ နံနက်(၁၁)နာရီကကျင်းပသည်။

ရှေးဦးစွာ ခဲလောင်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အစီအစဉ်ကို ကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံသဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင် ဦးခွန်ထွန်းမောင်၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထိုနောက် မှတ်တမ်းတင်အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုကျင်းပရာ၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်ထွန်းမောင်မှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ခဲလောင်းကျေးရွာရေရရှိရေး လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်ပြောကြားသည်။ ယင်းနောက် ခဲလောင်းကျေးရွာဒေသခံ တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မိမိတို့ကျေးရွာသည် ယခင်က ရေအခက်အခဲများစွာရှိခဲ့ကြောင်း၊ ကျေးရွားနှင့်စိမ့်စမ်းရေထွက်ရှိသည့် နေရာနှင့် နှစ်မိုင်ခန့်ဝေးကွာကြောင်း၊ ယခုကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသည့်အတွက် များစွာမှ ကျေးဇူးတင် ရှိပါကြောင်း၊ ထို့အပြင် အိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းပေးခြင်းအတွက် ရာသီမရွေးရေအခက်အခဲမရှိ‌‌တော့ပါ‌ကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့‌နောက် ဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်များကို ခရိုင်ဦးစီးမှူးက ပြည်နယ်ဦးစီးမှူးထံ ကိုလည်းကောင်း ၊ ပြည်နယ်ဦးစီးမှူးမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ မြို့နယ်ဦးစီးမှူးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် ထံသို့လည်းကောင်း နေရာအရောက် ပေးအပ်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ ခဲလောင်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ  ၅၅.၂၂ သန်းဖြင့် ဆောင်ရွက်ပေးရာ  စိမ့်စမ်းရေထွက်မှကျေးရွာအရောက် ၂/၆ မိုင် အရှည်ရှိကြောင်း၊  တစ်နာရီရေရောက်ရှိနှုန်း (၈၀၀)ဂါလံဖြစ်ကြောင်၊ ခဲလောင်းကျေးရွာတွင် အိမ်‌ခြေ ၁၁၇ အိမ် နှင့် လူဦးရေ ၆၈၄ ဦးအတွက် အကြိုးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး  ဦးသန်းနိုင်၏ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းမှ သိရသည်။

ခရိုင် (ပြန်/ဆက်)