ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် sticker ကပ်​​​ခြင်း​ campaign ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် sticker (အရွယ်အစား(၄)လက်မပတ်လည်၊ ၇လက်မပတ်လည်)အား မော်တော်ယာဉ်၊ ရေယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း sticker campaign ကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပဲခူးမြစ်လမ်းနှင့် ကနောင်မင်းသားလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် ဦးဆောင်ကာ ဌာနဆိုင်ရာ (၅၀)ဦးပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အမှတ်တရရှိစေရေး၊ အလေးထားတန်ဖိုးထားတတ်စေရေး ရည်ရွယ်ကာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် stickerများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၉)ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကနောင်မင်းသားလမ်းထောင့်၊ အမှတ်(၆၀)ရပ်ကွက်၊ ရတနာလမ်းနှင့် ရွှေလီလမ်းထောင့်တို့တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ် (၇၀) စီးခန့်တွင် ကပ်ပေးခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်

အေးမဥ္ဇူ(ပြန်/ဆက်)