(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်များအား စတေကာကပ်ခြင်းကို ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁

၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်များအား စတေကာကပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းဇော် ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း သွားလာလျက်ရှိသည့်

မော်တော်ယာဉ်များတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုစတာ စတေကာများ ကပ်ပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)