စစ်ကိုင်းမြို့တွင်(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker Campaign ပြုလုပ်ဆောင်ရွက်

စစ်ကိုင်း  ဇန်နဝါရီ   ၃

စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က စစ်ကိုင်းမြို့အဝင် ရတနာပုံတံတားအဆင်းနှင့် မြို့၏အချက်အခြာကျသည့် နေရာများတွင် ခရီးသွားမော်တော်ယာဉ်များနှင့်  မော်တော် ဆိုင်ကယ်များအား (၄) လက်မပတ်လည်၊ (၇)လက်မ ပတ်လည်အရွယ်အစားအား ကျယ်ကျယ်ပြန့်ပြန့်ကပ်ပေးခြင်း Sticker Campaign ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံတော်ကြီး၏ လွတ်လပ်ရေးနေ့ကို အမှတ်တရ/ သတိတရ ရရှိစေရေး၊ လွတ်လပ်ရေးနေ့ကို အလေးထား၊ တန်ဖိုးထားတက်စေရေး ရည်ရွယ်ကာ ticker Campaign ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

စစ်ကိုင်းမြို့အနေဖြင့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် အလံတင်အလေးပြုခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုစည်ကားစွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်