သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဆီးတိုးပြိုင်ပွဲ ကျင်းပ

သရက် ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ခရိုင်အားကစားကွင်းအတွင်းရှိ တေဇအားကစားခန်းမ၌ ထုတ်ဆီးတိုးပြိုင်ပွဲ ဆောင်ရွက်လျက်ရှိသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာဌာနဆိုင်ရာများပေါင်းစုံ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)