(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ သတ်ပုံပြိုင်ပွဲနှင့် အသိပညာပေးဟောပြော

မင်းလှ    ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နံရံကပ်စာစောင်၊မြန်မာစာလုံး ပေါင်းသတ်ပုံပြိုင်ပွဲနှင့်စာအုပ်ပြပွဲများ ပြသရခြင်းအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍  မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.ကပြည်တော်သာနှင့်အ.မ.က(လွန်) ဇေယျဝတီကျောင်းမှကျောင်းသား ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများကလေးငယ်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)