သတင်းများ

အောင်ပန်းဒေသမှထွက်ရှိလာသည့် အာလူးများစျေးကောင်းပုံမှန်ရရှိနေ
Jun 04,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဒေသမှ ထွက်ရှိလာသည့် အာလူးများ ပုံမှန်စျေးကောင်းရရှိနေကြောင်း သိရသည်။
မင်းလှမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
Jun 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ယမန်နေ့က အမှတ်(၅) ဝေဠုဝန်ရပ်ကွက်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲတက်ရောက်ချီးမြှင့်
Jun 04,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ကျိုက်ပွန်ဘုရားလမ်း၌ ပြုလုပ်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များစုပေါင်းကာ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကျင်းပ
Jun 04,2022
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ Crash For Work  စီမံကိန်းမိတ်ဆက်ရှင်းလင်း
Jun 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စိုင်ပစ်အင်းရွာ Crash  For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စိုင်ပစ်အင်းရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီကိုယ်စားလှယ်များ ကျိုင်းတုံလေဆိပ်မှ ထွက်ခွာ
Jun 04,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ် ယမန်နေ့မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျိုင်းတုံလေဆိပ်မှ နေပြည်တော်လေဆိပ်သို့ ထွက်ခွာသွားကြောင်း သိရသည်။ 
မတ္တရာမြို့နယ်မှ လေဘေးသင့်ပြည်သူ ၁၆၃၆ ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်
Jun 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုများကြောင့် လေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူ ၁၆၀၁၀ ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose  ဆက်လက် ထိုးနှံပေးပြီးဖြစ်
Jun 04,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင် ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။