သတင်းများ

လားရှိုးမြို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်
Jan 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၂) တက်ရောက်နေသော သင်တန်းသားများအား ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် သွားရောက်ဆောင်ရွက်ခဲ့သည်။
လက်ပံတန်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်မြေပြင် ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Pilot Project)လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့ (၈၅)ဖွဲ့က ကောက်ကွက်(၁၀၂)ကွက်တွင် သတ်မှတ်နယ်မြေအလိုက်  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
အထက(ပူတာအို)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 13,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အထက(ပူတာအို)ကျောင်းရှေ့ကွင်ပြင်၌ ကျင်းပသည်။
မိုးညှင်းတက္ကသိုလ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်
Jan 13,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ လက်တွေ့သရုပ်ပြသ​ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီခွဲက ရတနာခန်းမ၌ ကျင်းပသည်။
တိုက်ကြီးမြို့နယ် အ.ထ.က (တိုက်ကြီး) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (တိုက်ကြီး) ကျောင်း အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၊ အထက ကော့ကရင် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 13,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အထက ကော့ကရင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ
Jan 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ အိမ်ထောင်စုစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇေယျာသီရိခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပေါက်ခေါင်းမြို့ အထက(အိုးဘိုကုန်း)၌ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့်
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့အထက(အိုးဘိုကုန်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက  အဆိုပါ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။