သတင်းများ

ကျိုက်လတ်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း  မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့ ၉၃ ဖွဲ့က သတ်မှတ်နယ်မြေအလိုက်  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေး လုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား(အခမဲ့) ကွင်းဆင်းဆေးကုသ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့က တောကျောင်းကျေးရွာသို့ ကွင်းဆင်း၍ ပြည်သူများအာ(အခမဲ့) ဆေးကုသခဲ့ကြောင်း သိရသည်။
ဟိုပန် မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 13,2023
မူလတန်းကြို ကလေးငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်ကြစေရန်ရည်ရွယ်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရုံးကုန်းရပ်ကွက်ရှိ   မူလတန်းကြို ကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီက ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးစတင်ထိုးနှံ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)စတင် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအ
မန္တလေးမြို့ပေါ်တွင် တရုတ်ပြည်မှဝင်ရောက်သည့် ဆောင်းချယ်ရီ၊ နှင်းချယ်ရီပန်းများ ဈေးကောင်းရ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်တွင် ပန်းပေါင်းစုံများထဲမှ တရုတ်ပြည်မှဝင်ရောက်သော ဆောင်းချယ်ရီ၊ နှင်းချယ်ရီပန်းများမှာ ဈေးကောင်းရရှိနေကြောင်း ပန်းရောင်းသူတစ်ဦးထံမှ သိရသည်။
မင်းကင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းကင်းမြို့ အခြေခံပညာအထက်တန်း ကျောင်း‌ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ရမ်းဗြဲမြို့နယ်၌ ဆက်လက်ဆောင်ရွက်
Jan 13,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကို ရမ်းဗြဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များမှ စတင်ဆောင်ရွက်လျက်ရှိရာ
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာ၊ ရွာလယ် ဘုန်းကြီးကျောင်းတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်  မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၁ရက်နေ့က ကျင်းပခဲ့သည်။