ဘိုကလေးမြို့နယ် ဌာနဆိုင်ရာများနှင့် ကျေးလက်နေပြည်သူများ တွေ့ဆုံပွဲ ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းသည် ဒီဇင်ဘာ (၁၂) နံနက် (၉) နာရီခွဲအချိန်၌ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ မုန်တိုင်းဒဏ်ခံရှယ်တာတွင်လည်းကောင်း၊ နေ့လယ် (၂) နာရီခွဲ အချိန်တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း တွင်လည်းကောင်း ဒေသခံ ပြည်သူများနှင့် လည်းကောင်း တွေ့ဆုံ၍ နယ်မြေဒေသအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆွေးနွေးဆောင်ရွက်မှုပြုခဲ့သည်။