သတင်းများ

ဒိုက်ဦးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အခြေခံပညာမူလတန်းလွန် (ဗိုလ်တဲစု)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သုံးခွမြို့နယ် အထက(၂)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အထက(၂)ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 13,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ပေါက်တောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ
Jan 13,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ပေါက်တောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းအဖွဲ့ ၈၅ ဖွဲ့ ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတမြင့်မား‌ရေး   လူငယ်စကားဝိုင်းကျင်းပ
Jan 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌လူငယ်များ လူအများရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ ဆွေးနွေး​ပြောဆိုသည့် အတတ်ပညာရပ်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပသည်။
ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာလျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးပြီးအောင်မြင် ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်/ တိုးမြှင့်ကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု
Jan 13,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းစိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံနေကြာဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်နေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်တို့က ယမန်နေ့က နေကြာစိုက်ပျိုးထားသည့် စိုက်ခင်းသို့သွားရောက်ကြည့်ရှုခဲ့သည်။