တံတားဦးမြို့နယ်တွင် စိမ်းလန်းစိုပြေရေးအရိပ်ရပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jun 18,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကိုနားလည် မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲ အချိန်က တံတားဦးမြို့နယ် အမှတ်(၃) ရပ်ကွက်၊ နကျော်ဒရပ် တံတားဦးမြို့ သာယာဦးဂိတ်အနီးနှင့် အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦးမြို့ BDC ဂိတ်အနီးတို့၌ ကျင်းပကြောင်း သိရသည်။