သတင်းများ

သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်/VRFP/ မြစိမ်းရောင်(ဆီထွက်သီးနှံ) စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သဲကုန်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ သက်ဆိုင်သူ ပေါင်းစုံပါဝင်သော မြို့နယ်အဆင့် မြစိမ်းရောင်/ VRFP/ မြစိမ်းရောင်(ဆီထွက်သီးနှံ) စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့် စုံညီပွဲတော် ထူးချွန်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မြို့နယ်အဆင့် စုံညီပွဲတော် ထူးချွန်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က(၁)ဇလွန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ဇန်နဝါရီ(၉)ရက်နေ့မှ စတင်ပြီး (Working Group) အဖွဲ့ (၅၆)ဖွဲ့ဖြင့်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စုမှ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။
ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။
အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 13,2023
မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးပညာရပ်များကို လေ့ကျင့် သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jan 13,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်း ကျေးရွာနှင့် ကျီးအင်းကျေးရွာ တို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၂၁၈၆၀ ဧက စိုက်ပျိုးပြီးစီး
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံ ၂၁၈၆၀ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။