မိုးညှင်းတက္ကသိုလ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

မိုးညှင်း ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ လက်တွေ့သရုပ်ပြသ​ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီခွဲက ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ မိုးညှင်းခရိုင်အတွင်း ၂၀၂၂ ခုနှစ်တွင် တစ်နှစ်တာဖြစ်ပွားခဲ့သည့် မြို့နယ်အလိုက် မီးလောင်ဆုံးရှုံးမှု အကြိမ်ရေများ၊ အပူ(သို့မဟုတ်) လုံလောက်သောအပူချိန်အား လေ့လာခြင်းများနှင့် မီးလောင်မှု အမျိုးအစားအလိုက် မီးငြှိမ်းသတ်ခြင်းနည်းစနစ်များကို ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တက္ကသိုလ်ပါမောက္ခချုပ်ထံ မီးသတ်ဆေးဗူးများ ထောက်ပံ့ပေးအပ်ပြီး တက္ကသိုလ်ပင်မဆောင်ရှေ့တွင် အဝတ်စိုဖြင့် မီးငြိမ်းသတ်နည်းများ၊ ကျောလွယ်မီးငြိမ်း သတ်ရေးပစ္စည်းဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ရေးနည်းများ၊ ကျောလွယ် Hydraulic Cutter၊ Hydraulic Ram နှင့် Hydraulic Spreader အသုံးပြုပုံပြုနည်းများကို သရုပ်ပြသခဲ့ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာ အမျိုးအမည် စုစုပေါင်း(၁၅)မျိုးနီးပါးကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း