လားရှိုးမြို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

လားရှိုး ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်  စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၂) တက်ရောက်နေသော သင်တန်းသားများအား ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် သွားရောက်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဌာန၏ လက်ရှိ ဆောင်ရွက်လျက် ရှိသော ပြန်ကြားရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိတို့၏ဘ၀ကို မြှင့်တင်နိုင်သကဲ့သို့  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့၏ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်အောင်ဖန်တီးနိုင်ကြောင်း စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လားရှိုးခရိုင် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းမှ သင်တန်းသားများအား အားလပ်ချိန်တွင် စာပေဖတ်ရှုနိုင်ရေးအတွက် သုတ/ရသစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး