သတင်းများ

နမ္မတူမြို့နယ်တွင် အသက်ငါးနှစ်မှ (၁၂)အတွင်း ကျောင်းသားကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jan 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အသက်ငါးနှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့၌  ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ညှိနှိုင်းစည်းဝေး
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ၂၀၂၃-ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုန်းပင်စုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ယမန်နေ့ညနေ (၃)နာရီက ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုန်းပင်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။
စုကလိမြို့တွင် ခရီးသည်တင်ဘတ်စ်ကားများ လိုက်နာရန် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Jan 13,2023
မိဘပြည်သူများအနေဖြင့် မိမိတို့ လိုအပ်သည့်အခါ မဖြစ်မနေ ခရီးသွားလာရသည့် အချိန်များတွင် ဘတ်စ်ကားများကို အလေးထားစီးနင်းရချိန်နှင့် ဘတ်စ်ကားမောင်းနှင်သည့် ယာဉ်မောင်းများအနေဖြင့် သိရှိလိုက်နာမောင်းနှင်ရမည့် အချက်များအား  ဗဟုသုတ ရရှိစေရန်  ရည်ရွယ်ချက်များဖြင့် အသိပညာပေး Talk show အား ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးရှိ Community Center တွင် ခရီးသည်တင်ဘတ်စ်ကားများ လိုက်နာရန် စည်းကမ်းချက်များအကြောင်း ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
မဘိမ်းမြို့တွင် လက်တွေ့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
Jan 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပြည့်စုံမှန်ကန်သောလူဦးရေစာရင်း ရရှိရေးအတွက် လက်တွေ့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ ကုန်းမခံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြိုလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေးစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ
Jan 13,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်းရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ စိစစ် ဖော်ထုတ်နိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ တရားမဝင်ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး
Jan 13,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးနှင့် ဆေးဝါးဆက်စပ်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိအခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။