မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသစိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတရေးနှင့် ဒေသခံပြည်သူများ ကိုယ်တိုင်ပါဝင်စိုက်ပျိုးပြီး သစ်တောသစ်ပင်များအားချစ်တဲ့စိတ်တွေ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈နာရီခွဲက မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေး၊ ပျားစွဲဆင်စခန်းအနီး၊ မှော်ကူးကြိုးဝိုင်း အကွက်အမှတ်(၂၄)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။