ကြာအင်းဆိပ်ကြီး မေ ၂၉
တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏၊ ဥတုရာသီ၊ တောကိုမှီ၏၊ ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု၊ သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏ ဆိုသည့်သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့်ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တော သစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှုနေမှုအား ကာကွယ်ထိန်းသိမ်းနိုင်စေရေး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ယမန်နေ့နံနက်ပိုင်းအချိန် က ကြာအင်းရွှေဒိုးကျေးရွာအုပ်စု မင်္ဂလာကုန်းကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်၏ စီမံဦးဆောင်မှုဖြင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ပျိုးထောင်ထားရှိသည့် ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား ပျိုးပင်စုစုပေါင်း (၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး