နတ်မောက် မေ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင် က ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ ကလေးများ၏ အနာဂတ်လှပစေရန်အတွက် ဆရာ၊ မိဘ၊ ကျောင်းသား လက်တွဲညီစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တို့ကိုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်စိုးဝင်း က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး အခမဲ့ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘော့ပင်၊ ဘောလုံး၊ Mask , Face Shield တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အခြေခံပညာကျောင်းများရှိ တာဝန်ခံ ကျောင်းအုပ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း