မောင်တော မေ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် မေ ၂၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ကာ နေအိမ်များ ပျက်စီးခဲ့သော ဝေးလံခေါင်ဖျားသော ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စုများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့က ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခိုက်ကာ နေအိမ်များပျက်စီးခဲ့သော အိမ်ထောင်စုများအား ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ရဲအောင်စံရဖွေကျေးရွာအုပ်စုမှ၊ သုပဏ္ဏက(ဘောင်း)ရွာတွင် တစ်ဝက်တစ်ပျက်ပျက်စီးခဲ့သော နေအိမ်(၂၄)လုံး၊ လုံးဝပျက်စီးခဲ့သော နေအိမ်(၆)လုံး စုစုပေါင်းနေအိမ် ၃၀ လုံးနှင့် ခမောင်းဆိပ်မြို့၊ မင်းခမောင်း ရပ်ကွက်အတွင်း လူနေအိမ်(၇)လုံးတစ်ဝက်တစ်ပျက်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်လုံးဝ ပျက်စီးခဲ့သော ရဲအောင်စံရဖွေကျေးရွာအုပ်စု၊ သုပဏ္ဏက(ဘောင်း)ရွာမှ နေ အိမ်(၆)လုံးအတွက် လူနေအိမ်(၁)လုံးလျှင် အမျိုးအစား(၁၆)မျိုးပါ Famiiy Kit ပလက်စတစ်ဘူး၊ ငွေကျပ် ၁ သိန်းအား ထောက်ပံ့ပေးအပ်ခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ နေအိမ်လုံးဝ ပျက်စီးခဲ့သော နေအိမ်(၆)လုံးအတွက် လူနေအိမ်(၁)လုံးလျှင် အမျိုးအစား (၁၃) မျိုးပါ Famiiy Kit ပလက်စတစ်ဘူးနှင့် တစ်ဝက်တစ်ပျက် ပျက်စီးခဲ့သော နေအိမ်(၃၁)လုံးအတွက် လူနေအိမ်(၁)လုံးလျှင် Hygiene Parcel တစ်ကိုယ်ရေသုံးပစ္စည်း အမျိုးအစား(၁၁)မျိုးပါတစ်ဘူး၊ ခြင်ထောင်(၁)လုံး ၊ ရေပုံး (၁)ပုံး တို့အား ကျေးရွာပြည်သူများလက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)