ကော့ကရိတ် မေ ၂၉
ကျောင်းသူ၊ ကျောင်းသားများ ကာယညာဏ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Certre တွင် ပညာရေးဦးစီးဌာန၊ အား/ကာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ Physical Fitness Dance သင်တန်းကို ယမန်နေ့ညနေ (၃)နာရီချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုမေတို့က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ မြို့နယ်အားကစားမှူး ဒေါ်အေးအေးအောင်က Physical Fitness Dance အားသင်ကြားပြသပေးရာ ကော့ကရိတ်မြို့ပေါ်ကျောင်းများမှ ကျောင်းသူကျောင်းသား (၂၅)ဦးတို့ တက်ရောက် သင်ကြားကြပြီး သင်တန်းကို မေလ၂၇ရက်နေ့မှ မေလ၃၁ရက်နေ့ထိ သင်ကြားပေးသွားမည်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)