ပဲခူး ဇွန် ၂
မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ စတင်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၄၆၄,၄၃၀)ဦး အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နေပြီဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့်(၂၆,၆၅၃)ဦး၊ အလယ်တန်းအဆင့် (၁၁၀,၅၈၅)ဦး၊ မူလတန်းအဆင့်(၃၂၇,၁၉၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၆၄,၄၃၀)ဦးရှိပြီး အထက်တန်းအဆင့်ဆရာ၊ ဆရာမ(၁,၆၂၄)ဦး၊ အလယ်တန်းအဆင့်ဆရာ၊ ဆရာမ(၄,၄၅၄)ဦးနှင့် မူလတန်းအဆင့်ဆရာ၊ ဆရာမ (၁၁,၀၇၄)ဦး စုစုပေါင်းဆရာ၊ ဆရာမ (၁၇,၁၅၂)ဦးတို့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ရာ ပဲခူးမြို့နယ်အတွင်းရှိ အခြေပညာကျောင်း(၂,၄၀၃)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၈၅)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၆၂)ကျောင်း စုစုပေါင်း(၂,၅၅၀)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး(ပညာ)မှ ပြောကြားခဲ့သည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)