နမ့်စန်(တ) ဇွန် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုဝင် သား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြား၍ ပညာသင်ထောက်ပံ့ ကြေးငွေများပေးအပ်ရခြင်းနှင့်ပတ်သက်ကာ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ ဒုတိယဦးစီးမှူး ဦးမြလင်းဌေး၊ ဒေါ်ချိုသန္တာလွင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုဝင်သား/သမီးငယ်များအား တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၇ ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ၂ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် ၁၂၅၀၀ ကျပ်နှုန်းဖြင့် ၈ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၁၇ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၃၄ ဦး တို့ကို ပညာသင်ထောက်ပံ့ကြေးများနှင့် တစ်ဦးလျှင် ဗလာစာအုပ် ၂ ဒါဇင် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)