စဉ့်ကိုင် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ကျောင်း သား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာ၀န်ရှိသူများက ကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းများတွင်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အေးချမ်းစွာပညာသင် ကြားလျက်ရှိရာ စဉ့်ကိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ စုစုပေါင်း(၁၂၆)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်အထက်ရှိကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)