မြဝတီ ဇွန် ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ယနေ့နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကိုလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသည်။
ဆွေးနွေးပွဲတွင် မြဝတီခရိုင် ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ပြည်သူအကျိုးပြု အသိပညာ ပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်စုမွန်က ဇီဝမျိုးစုံမျိုးကွဲအဓိပ္ပာယ်၊ ဇီဝမျိုးစုံမျိုးကွဲများ၏အရေးပါမှု၊ ဇီဝမျိုးစုံမျိုးကွဲ (Biodiversity)ဆုံးရှုံးမှုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲများ၊ အပင်၊သတ္တဝါနှင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ်သက်ရောက်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟစနစ်များ မပျက်စီးရန်ကာကွယ်ရမည့်အချက်များ၊ မြန်မာနိုင်ငံအနေဖြင့်ဇီဝမျိုးစုံ မျိုးကွဲမဖြစ်ပေါ်စေရန် ကာကွယ်ထိန်းသိမ်းခြင်းပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များကိုအသေး စိတ်ဆွေးနွေးပြောကြားပေးသည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ကာလအတွင်း ပြည်သူလူထုအသိပညာရရှိစေရန် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်း အပြင်ပြည်သူ့အကျိုးပြုအစီအစဉ်များကိုလည်း အွန်လိုင်းမှတစ်ဆင့် ပုံမှန်ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)