လက်ပံတန်း ဇွန် ၃
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်စာပေချစ်သူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း (ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက် လာသော ကျောင်းသား /ကျောင်းသူများအား မှတ်စုစာအုပ်နှင့်ဘောလ်ပင်များ လက်ဆောင်ဝေငှ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များနှင့်ကျောင်းသား/ကျောင်းသူများက ဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ပါကြောင်းအရာများကို တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါစာဖတ်ဝိုင်းကို လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)