လှိုင် ဇွန် ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့နံနက်တွင် စတင်ဖွင့်လှစ်၍ ကျောင်းတက်ရောက်နေသူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျောင်းနေရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိစေရေးအတွက် နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို အခမဲ့ပေးအပ်မည်ဖြစ်ပြီး မူလတန်းကလေးများကို ကျောင်း၀တ်စုံများပါ အခမဲ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လှိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ မူလတန်းကျောင်း (၂၆)ကျောင်းရှိပြီး ယနေ့တွင်ကျောင်းသား/သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကျောင်းအပ်နှံပြီးသူ မူလတန်း(၂၅၉၀)ဦး၊ အလယ်တန်း(၁၀၀၁)ဦး၊ အထက်တန်း (၂၄၀)ဦး၊ စုစုပေါင်း (၃၈၃၁)ဦးရှိပြီး၊ ကျောင်းတက်ရောက်သည့်နေ့မှစ၍ အသက်(၉)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကလေးများကို မိဘ၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)