ဖျာပုံမြို့၌ ငါးသယံဇာတထိန်းသိမ်းရေး မြေစိုက်နံရံကပ်ဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်း ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ နိုင်ငံပိုင် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးအတွက် ရေသယံဇာတများအား စနစ်တကျ အသုံးပြုတတ်စေရန်နှင့် ရေထွက်ပစ္စည်းများမှ ရရှိသည့် အကျိုးကျေးဇူးများကို ပြည်သူများ အပြည့်အဝခံစားနိုင်စေရန် ရည်ရွယ်၍ ငါးသယံဇာတ ထိန်းသိမ်းရေးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး မြေစိုက်နံကပ်ဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်း ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံ-အမာ ကားလမ်းမဘေး၊ အောက်ကွင်းကျေးရွာလမ်းဂွဆုံနေရာ၌ ပြုလုပ်သည်။