ဟိုပန်မြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 04,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ည်ရရွယ်၍ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဟိုပန်မြို့၊ မြို့လယ်အဝိုင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။