မောင်တော ဇွန် ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း၊ သားသမီးများအတွက် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် (၁၅၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် (၁၂၀၀၀)ကျပ် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁ ဦးလှျင် (၁၀၀၀၀)ကျပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် (၇၅၀၀)သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၀)ဦးအတွက် ငွေ (ရှစ်သန်းငါးသောင်း၄ထောင်ကျပ်တိတိ/-)ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝန်ထမ်း သား၊ သမီးများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းမိဘတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)