ဘိုကလေးမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသ

ဘိုကလေး ဇွန် ၆

ကလေးသူငယ်များ၏ အခွင့်အရေးများဆုံးရှုံးမှု မရှိစေရေး၊ ကလေးငယ်များနှင့် ပတ်သတ်သည့် ဥပဒေအကြောင်းအရာများအား ပြည်သူများကျယ်ပြန့်စွာ သိရှိနိုင်စေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အား ယနေ့နံနက်(၉)နာရီ အချိန်တွင် ပြသဆောင်ရွက်ရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာ လျက်ရှိသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူညီချက်နှင့် အထွေထွေမှတ်ချက် အကျဉ်းချုပ်စာတမ်း၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်ခံရမှု အခြေအနေများအပါအဝင် အခြားသော ဥပဒေဆိုင်ရာများအား ပြည့်စုံစွာ ထည့်သွင်းပြသ အသိပညာပေးထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)