မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

မြောက်ဥက္ကလာပ  ဇွန် ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ လစဉ်ပုံမှန်အစည်းအဝေးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၉:၃၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။

အစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာဦးသိန်းဝင်း(သိန်းဝင်းဇော်)က ညီလာခံ အတွေ့အကြုံများကို ရှင်းလင်းတင်ပြရာတွင် တတိယအကြိမ် ညီလာခံကို မေ ၂၁ နှင့်၂၂ရက်တွင် ကျင်းပခဲ့ကြောင်း၊ ဗဟိုကော်မတီဝင် အသစ်များလည်း ပြန်လည်ရွေးချယ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ယခင်က စာရေးဆရာ အသင်းမှာ(၁၉၇)သင်းသာရှိပြီး ယခုအခါတိုးတက်လာသည့်အတွက် (၂၀၂) သင်းအထိ တိုးလာကြောင်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းအဖွဲ့ဝင်မှာ (၅၀၀၀)ကျော်ရှိလာကြောင်း၊ ရှေ့လုပ်ငံစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းအနေဖြင့် အသင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် တတိယအကြိမ် ညီလာခံကရွေးချယ်ပေးသော မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီဝင်အသစ်(၂၁)ဦးဖြင့် ရွေးချယ်ခဲ့ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ရှင်းလင်းခဲ့ပါသည်။ ထို့နောက် အသင်းမှ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမှုဆောင်များက ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

လှလှထွေး