မြောက်ဥက္ကလာပ ဇွန် ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။ အဆိုပါပြိုင်ပွဲများအား လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ပြီး ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကာ အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များအသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)