သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jun 06,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါ ကာကွယ် ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောတွင် မူလတန်းပြဆရာ၊ ဆရာမများ ဒုတိယမြောက်နေ့ လုပ်ငန်းခွင်အကြိုသင်တန်း ပို့ချ
Jun 06,2022
ကျိုက်မရောမြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်အသစ်ခန့် ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းခွင်အကြိုရက်တို သင်တန်းကို ဇွန်လ ၄ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.က ကျိုက်မရောကျောင်းဆောင်အသစ်၌ အေးချမ်းစွာ ပို့ချသင်ကြားလျက်ရှိသည်။
Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်းသင်တန်း(၂/၂၀၂၂)ဖွင့်လှစ်
Jun 06,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင် နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး e-Library Management System Software အသုံးပြုနည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
တောင်သာမြို့၌ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်လှစ်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ဇွန်လ(၄)ရက်နေ့မှစတင်၍ တောင်သာမြို့ မင်းစု(အထက)၌ သင်တန်းဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်
Jun 06,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို ဇွန်(၆)ရက်၊ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jun 06,2022
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 06,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။