မယ်စဲ့ ဇွန် ၆
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါ ကာကွယ် ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ရန်၊ လက်တွင်ကပ်ပါလာသော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင်ဆေးကြောရန်၊ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ၆ လနှင့် အထက်ရှိသော ပြည်သူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်တို့ကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)