ကျိုက်မရောတွင် မူလတန်းပြဆရာ၊ ဆရာမများ ဒုတိယမြောက်နေ့ လုပ်ငန်းခွင်အကြိုသင်တန်း ပို့ချ

ကျိုက်မရော ဇွန် ၆

ကျိုက်မရောမြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်အသစ်ခန့် ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းခွင်အကြိုရက်တို သင်တန်းကို ဇွန်လ ၄ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.က ကျိုက်မရောကျောင်းဆောင်အသစ်၌ အေးချမ်းစွာ ပို့ချသင်ကြားလျက်ရှိသည်။

အဆိုပါလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ(၄၅)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်း နည်းပြဆရာ၊ ဆရာမ ၄ဦးက မူလတန်းအဆင့် ဆရာ၊ ဆရာမများ လိုက်နာကျင့်သုံးအပ်သော စည်းကမ်းများ၊ ခွင့်အမျိုးစားများ၊ လုပ်ငန်းခွင်၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဘဏ္ဍာရေးစည်းကမ်းများနှင့် ဆရာ့ကျင့်ဝတ်စသည်တို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေပြီး သင်တန်းကို ဇွန်လ(၁၀)ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)