ဝေါမြို့ပေါ်ရပ်ကွက်များအတွင်း မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ပင်မရေမြောင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ပေး
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီ၌ မြို့ပေါ် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် အဓိကကြသည့် ပင်မရေမြောင်းများနှင့် ရေနုတ်မြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က ရန်ကုန်-မော်လမြိုင်လမ်းဘေးဝဲယာရှိ ရေမြောင်းအတွင်းမှ အမှိုက်များ၊ ခြုံနွယ်များနှင့် နုန်းများကို လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့် တူးခြင်း/ဖို့ခြင်း၊ ဆယ်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။