ပုသိမ်ကြီး ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
သန့်ရှင်းရေးလုပ်ဆောင်ရာနေရာသို့ မြို့တော်စည်ပင် (၄) မြို့နယ်မှ ၀န်ထမ်းများ၊ မန္တလေးတပ်နယ်မြေအတွင်းရှိ အရာရှိ၊ အရာခံ၊ ရဲဘော်များ၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ၀န်ထမ်းများတက်ရောက်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆေးဘက်ဆိုင်ရာတက္ကသိုလ် ပင်မဆောင်နှင့် ကျောင်း၀န်းပတ်၀န်းကျင်များ၊ မြတ်တော်၀န်အဆောင် အစရှိသည့် သင်ကြားရေးအဆောင်များ၊ ဘော်လုံးအားကစားကွင်းနှင့်ကျောင်း၀န်းအနှံ့အပြားတို့တွင် စုပေါင်းရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်း၀န်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရာနေရာသို့ မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင် မြို့တော်၀န်ဦးကျော်ဆန်း၊ တပ်နယ်မြေမှူး ဗိုလ်မှူး ကြီးသိန်းထွန်းတင်တို့လာရောက် ကြည့်ရှုခဲ့ကြပြီး လူမှုရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)