စစ်ကိုင်းမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်

စစ်ကိုင်း ဇွန် ၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို ဇွန်(၆)ရက်၊ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပညာရေးမှူးဦးကျော်သူက အမှာစကားဆွေးနွေးပြောကြားရာ ဆရာ/ ဆရာမ သင်တန်းသားများအနေဖြင့် သင်တန်းကာလမှာ သက်မှတ်စည်းကမ်းများကို လိုက်နာပြီး သင်ယူသွားကြစေလိုကြောင်း မိမိတို့ဟာသင်ကြားရေးအပြင် စီမံကဏ္ဍများပါ လိုအပ်သည့်အတွက် စိတ်ဝင်စားစွာ သင်ကြားကြစေလိုကြောင်း မိမိတို့ဒေသရောက်ရှိ တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံသင်ကြားပေးရင်း နိုင်ငံတော်၏ အားထားရတဲ့ ထူးချွန်ထက်မြတ်တဲ့ သားကောင်း/ သမီးမွန်များဖြစ်အောင် စီမံသင်ကြားပေးသွားကြ ပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ရက်သတ္တပတ်(၇)ရက်ကြာ သင်တန်းပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၈၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)