တောင်သာမြို့၌ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်လှစ်

တောင်သာ ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ဇွန်လ(၄)ရက်နေ့မှစတင်၍ တောင်သာမြို့ မင်းစု(အထက)၌ သင်တန်းဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်နှင့်ဝန်ထမ်းစည်းကမ်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာ၊ ခွင့်အမျိုးမျိုး၊ ပင်စင်၊ ပညာရေးမူဝါဒများ၊ သင်ရိုးသစ် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ ၂၁-ရာစုကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ မူလတန်းသင်ရိုးသစ်မိတ်ဆက်သင်ကြားခြင်း၊ သင်ကြားရေးဆိုင်ရာမှတ်တမ်းများ စနစ် တကျထားရှိခြင်း၊ သင်ယူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း၊ ပညာရေးအညွှန်းကိန်းများ၊ သင်ယူမှုရလဒ်ကောင်းများ ရရှိရေးဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးကြိုတင်ကာကွယ်‌ရေးနှင့်တုံ့ပြန်ခြင်း၊ အ သင်းအဖွဲ့များ မိဘရပ်ရွာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသောဘာသာရပ်များကို သင်တန်းနည်းပြ(၄)ဦးတို့က သင်ကြားပို့ချဆွေးနွေးခြင်း၊ သင်တန်းတက်ရောက်သည့် သင်တန်းသားဆရာ၊ ဆရာမများက ပါဝင်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းသို့ အခြေခံပညာမူလတန်းဆရာ၊ ဆရာမ(၃၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ (၄)ရက်မှ (၁၀)ရက်နေ့ထိဖြစ်ကြောင်း မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)